Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲ မြို့နယ် ငလှိုင်တော ကျေးရွာ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


11 Apr,2024

ငဖဲ မြို့နယ် ငလှိုင်တော ကျေးရွာ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ငဖဲ ဧပြီ ၁၁
           မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင်  ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ ငလှိုင်တော ကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှု လျှော့ကျစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၄၇၆ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဧပြီ ၁၀ ရက်နေ့  နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးရွာမြစိမ်း‌ ရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ  ငလှိုင်တော ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး ‌၊မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
      ငလှိုင်တော ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာနှစ်က အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း၃၀၀ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ သတ္တမ အကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၈ ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၁၁ ဦး ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၃ ဦး၊အ‌သက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၄ ဦး စုစုပေါင်း  အသင်းသား၊ အသင်းသူ ၁၀၆ ဦးကို  ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ၁ ကျပ် နှုန်း ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ် ရန်ပုံငွေကျပ်  ၄၇၆ သိန်း ထိ ထုတ်ချေးနိုင်ခဲ့ပြီး စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm